အငယ်တန်းစာရေး ရာထူး(၁၀)နေရာရေးဖြေအောင်မြင်သူများအား အောင်စာရင်းထုတ်ပြန်ခြင်း
မြန်မာ့မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်မှု/သွားလာဌာနခွဲတွင် လိုအပ်လျှက် ရှိသည့် လစာနှုန်းကျပ်(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)တန်းဝင် အငယ်တန်းစာရေး ရာထူး(၁၀)နေရာအား ပြင်ပမှ ခေါ်ယူခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲရေးဖြေအောင်မြင်ထားသူများအား လူတွေ့ စစ်ဆေးခြင်းကို (၂၁-၁၀-၂၀၂၆)ရက်နေ့တွင်လည်းကောင်း၊ ကျန်းမာရေးစစ်ဆေးမှုကို (၂၂-၁၀-၂၀၂၆) ရက်နေ့တွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။ လူတွေ့စစ်ဆေးရန် လာရောက်သည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်(မူရင်း)၊ ဆယ်တန်းအောင် လက်မှတ်(မူရင်း)၊ ဘွဲ့ရရှိပါက ဘွဲ့လက်မှတ်(မူရင်း)၊ လေဘာကတ်(မူရင်း)(ပြင်ပ)များအား (မပျက်မကွက်) ယူဆောင်လာရမည်ဖြစ်ပြီး လူတွေ့စစ်ဆေးမည့်(၂၁-၁၀-၂၀၂၆) ရက်နေ့ နံနက်(၀၉:၀၀)နာရီအရောက် ဒုတိယအထွေထွေမန်နေဂျာ(စက်မှု/သွားလာ)ရုံး၊ နေပြည်တော်ဘူတာကြီးသို့ လာရောက်ရန် အကြောင်း ကြားပါသည်။ ပူးတွဲ - ရေးဖြေအောင်မြင်သူများစာရင်း(၁)စောင်