အမည်ပျက်စာရင်း(Blacklist)ကြေညာခြင်း
ဦးစိုးတင့်၊ ၁၂/ ဥကတ(နိုင်) ၁၅၂၅၁၇၊ မန်နေဂျင်းဒါရိုက်တာနှင့် Royal Aung Myint Mo Construction & Trading Co., Ltd.၊ ကုမ္ပဏီမှတ်ပုံတင်အမှတ်-၁၂၇ဝ၉ဝ၆၄၅ တို့ကို အမည်ပျက်စာရင်း(Blacklist)ကြေညာခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ တံတားကလေး- ကျောက်ရေတွင်း ဘူတာကြား၊ သုဓမ္မာလမ်းမကြီးဘေးရှိ မြန်မာ့မီးရထားပိုင်မြေဧရိယာ ၀.၂၇၅ ဧကအား အဆင့်မြင့် စားသောက်ဆိုင် လုပ်ငန်းဆောင်ရွက်ရန် ၁-၃-၂၀၂၅ မှ ၃၀-၁၁-၂၀၃၀ ထိ (တည်ဆောက်ရေးကာလ ၉ လ အပါအဝင်)၅နှစ်သက်တမ်းဖြင့် ငှားရမ်းခွင့်ပြုခြင်းအတွက် မြန်မာ့မီးရထားနှင့် ဦးစိုးတင့်၊ ၁၂/ ဥကတ (နိုင်) ၁၅၂၅၁၇၊ Managing Director၊ Royal Aung Myint Mo Construction & Trading Co., Ltd.တို့ အကြား ၁-၃-၂၀၂၅ မှ ၃၀-၁၁-၂၀၂၆ ထိ(တည်ဆောက်ရေးကာလ ၉ လအပါအဝင်) ပထမနှစ်သက်တမ်း နှစ်ဖက်သဘောတူ မြေငှားရမ်းခြင်းစာချုပ် ချုပ်ဆိုထားမှုအပေါ် ကိုယ်တိုင် လုပ်ကိုင်ခြင်းမရှိဘဲ ထပ်ဆင့်ငှားရမ်းခြင်းစာချုပ်(၂)စောင် ချုပ်ဆို၍ ငွေကြေးများလိမ်လည်ရယူ ဆောင်ရွက်ခဲ့သဖြင့် စည်းကမ်းချက် အပိုဒ် (၂၄) “စာချုပ်ရပ်စဲခြင်း” အပိုဒ်ခွဲ(ဇ)နှင့်အညီ ၁၄-၈-၂၀၂၆ ရက်နေ့မှစ၍ စာချုပ်အား တစ်ဖက်သတ် ရပ်စဲခဲ့ပြီး လုပ်ငန်းအာမခံကြေးငွေ ၈,၃၇၀,၀၀၀ ကျပ်ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူ၍ မြန်မာ့မီးရထားမှ 3:00 Managing Directori & Royal Aung Myint Mo Construction & Trading Co., Ltd. တို့ကို အမည်ပျက်စာရင်း (Blacklist) သွင်း၍ လုပ်ငန်း လုပ်ကိုင်ခွင့်ကို အပြီးပိုင်ရုပ်သိမ်းလိုက်ပြီးဖြစ်ပါသည်။
ဦးစိုးတင့်၊ Managing Director၊ နှင့် Royal Aung Myint Mo Construction & Trading Co., Ltd. တို့အား မြန်မာ့မီးရထား၏ လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း/ တင်ဒါဝင်ရောက်ယှဉ်ပြိုင် ခြင်းများကို ခွင့်မပြုခြင်းများဖြင့် အရေးယူ ဆောင်ရွက်ထားပြီးဖြစ်ပါသဖြင့် ၎င်းတို့မှ တစ်နည်း နည်းဖြင့် ပတ်သက်မှုများပြုလုပ်သည်ကို တွေ့ရှိပါက ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့မီးရထား