Skip to content

ပို့ဆောင်ရေးဝန်ကြီးဌာန

မြန်မာ့မီးရထား

ပင်မစာမျက်နှာ / သတင်းများ / စက်ခေါင်းမှူး(၃)ရာထူး (၃၀)နေရာရေးဖြေအောင...

စက်ခေါင်းမှူး(၃)ရာထူး (၃၀)နေရာရေးဖြေအောင်မြင်သူများအား အောင်စာရင်းထုတ်ပြန်ခြင်း

မြန်မာ့မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်မှု/သွားလာဌာနခွဲတွင် လိုအပ်လျှက် ရှိသည့် လစာနှုန်းကျပ်(၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)တန်းဝင် စက်ခေါင်းမှူး(၃)ရာထူး (၃၀)နေရာအား ပြင်ပမှ ခေါ်ယူခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲ အောင်မြင်သူများ၏ အမည် စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်လိုက်ပါသည်။ ရေးဖြေအောင်မြင်ထားသူများအား လူတွေ့စစ်ဆေး ခြင်းကို (၂၁-၁၀-၂၀၂၆)ရက်နေ့တွင်လည်းကောင်း၊ ကျန်းမာရေးစစ်ဆေးမှုကို (၂၂-၁၀-၂၀၂၆) ရက်နေ့တွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။ လူတွေ့စစ်ဆေးရန် လာရောက်သည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်(မူရင်း)၊ ဆယ်တန်းအောင် လက်မှတ် (မူရင်း)/ AGTI ဒီပလိုမာလက်မှတ်(မူရင်း)၊ လေဘာကတ်(မူရင်း)(ပြင်ပ)များအား (မပျက်မကွက်) ယူဆောင်လာရမည်ဖြစ်ပြီး လူတွေ့ စစ်ဆေးမည့်(၂၁-၁၀-၂၀၂၆) ရက်နေ့ နံနက်(၀၉:၀၀)နာရီအရောက် ဒုတိယအထွေထွေမန်နေဂျာ(စက်မှု/သွားလာ)ရုံး၊ နေပြည်တော် ဘူတာကြီးသို့လာရောက်ရန် အကြောင်းကြား ပါသည်။ ပူးတွဲ - ရေးဖြေအောင်မြင်သူများစာရင်း(၁)စောင်

ဆက်စပ်သတင်း