၁။ မြန်မာ့မီးရထားမှ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာနှုန်းထားများကို (၁.၇.၂၀၂၂)ရက်နေ့မှစ၍ အောက်ပါ နှုန်းထားဖြင့် တန်ဆာခ ကောက်ခံမည်ဖြစ်ပါသည်-
၂။ ကုန်ရထားများတွင် တွဲလုံးပြည့်တင်ပို့မှုအတွက် မည်သည့်ကုန်ပစ္စည်းမဆို
စဉ် | ရထား
အမှတ် |
လမ်းပိုင်း | တွဲအမျိုး
အစား |
တစ်တန်တစ်မိုင်နှုန်း(ကျပ်) | ||
အဆန် | အစုန် | ပေါင်း | ||||
၁ | ၉၁၃/၉၁၄ | ရန်ကုန်-
မန္တလေး- ရန်ကုန် |
GBHV(AAR) | ၃၄ | ၄၁ | ၇၅ |
၂ | ၉၀၁/၉၀၂ | MBHAH
SMBV MBDHV |
၂၃ | ၃၇ | ၆၀ | |
၃ | ၉၃၇/၉၃၈ | မန္တလေး-မြစ်ကြီးနား-မန္တလေး | GBHAH | ၇၅ | – | ၇၅ |
၄ | ဝင်းကူး
ကုန်ရထား |
WBCXH
WBH SMBV |
၆၀ | – | ၆၀ | |
၅ | စီးပွားကျောက်
(၆၈၁ မှ ၆၈၄) |
တိုင်း(၈)
ဒေသမှ ရန်ကုန် |
SMBV | – | ၄၅ | ၄၅ |
မှတ်ချက်။
- (၁) အထက်ပါ အဆန်/အစုန် ကောက်ခံရမည့် လမ်းပိုင်းအလိုက်၊ ရထားအလိုက် တန်ဆာခ နှုန်းထားများအား စက်သုံးဆီဈေးနှုန်းအပါအဝင် အခြားသယ်ယူ ပို့ဆောင်ခ နှုန်းထားများအပေါ် မူတည်၍ ပြောင်းလဲနိုင်မည်ဖြစ်သဖြင့် ပြောင်းလဲ ရမည့်အခြေအနေရှိပါက ဦးဆောင်ညွှန်ကြားရေးမှူးရုံး၏ ခွင့်ပြုချက်ဖြင့် ဤရုံးမှ ထုတ်ပြန်သွားမည်ဖြစ်သည်။
- (၂) AAR အမျိုးအစား၊ GBHV, GBHAH တွဲများ၊ ABC အမျိုးအစား GBHV တွဲများ အသုံးပြု ပြေးဆွဲသော ရထားများအား ကုန်အမြန်ရထားအဖြစ် သတ်မှတ်သည်။ (ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမှတ်(၉၁၃) အဆန်၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် အမှတ်(၉၃၇) အဆန်)
- (၃) တွဲလုံမဟုတ်သော အခြား AAR တွဲအမျိုးအစားအားလုံးနှင့် GBHV မဟုတ်သော ABC တွဲအမျိုးအစားများ အသုံးပြုပြေးဆွဲသောရထားများကို ကုန်အနှေးရထား အဖြစ် သတ်မှတ်သည်။
- (၄) ရန်ကုန်-တိုင်း(၈)လမ်းပိုင်း ပြေးဆွဲနေသော စီးပွားကျောက်ရထားများအတွက် တန်ဆာခ အပြင် တွဲလွတ်ဆွဲခကောက်ခံမည်။
- (၅) တွဲလွတ်ဆွဲခအား (၈)ဘီးတွဲ တစ်တွဲလျှင် တစ်တွဲတစ်မိုင်(၂၅၀/-) ကျပ် ကောက်ခံမည်။
အခြားကောက်ခံရမည့်နှုန်းထားများ
၁၀။ တန်ဆာနှင့်အတူ ကောက်ခံရမည့် အခြားအခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဆိုက်ဒင်ခ(Siding Charges)
(၁) သာမန်ဆိုက်ဒင်ခ
- လေးဘီးတွဲတစ်တွဲ ၁၅၀၀ ကျပ်
- ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ ၃၀၀၀ ကျပ်
(၂) အထူးဆိုက်ဒင်ခ
- လေးဘီးတွဲတစ်တွဲ ၆၀၀၀ ကျပ်
- ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ ၁၂၀၀၀ ကျပ်
(၃) သစ်လုံးနှင့် သစ်ခွဲသားများ တင်ပို့ခြင်းအတွက် ရန်ကုန်ဒေသအထူးဆိုက်ဒင်ခ
- ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ ၁၈၀၀၀ ကျပ်
(ခ) တွဲလွတ်ဆွဲခ။ ရန်ကုန်-တိုင်း(၈)လမ်းပိုင်း ပြေးဆွဲနေသော စီးပွားကျောက်ရထားများ အတွက် တန်ဆာခအပြင် တွဲလွတ်ဆွဲခ ကောက်ခံရမည်။ တွဲလွတ်ဆွဲခအား (၈)ဘီးတွဲ တစ်တွဲလျှင် တစ်တွဲတစ်မိုင်(၂၅၀/-)ကျပ် ကောက်ခံရမည်။ တွဲလွတ်ဆွဲခကို အောက်ပါ အတိုင်း ကောက်ခံရမည်-
- လေးဘီးတွဲတစ်တွဲ တစ်မိုင် ၁၂၅ ကျပ်
- ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ တစ်မိုင် ၂၅၀ ကျပ်
(ဂ) တွဲညောင်းခ။ ကုန်တွဲများ အတင်/အချ ကြန့်ကြာမှုမရှိစေရေးကို ရည်ရွယ်၍ တွဲညောင်းခ အဖြစ် အောက်ပါအတိုင်း ကောက်ခံရန်-
- လေးဘီးတွဲတစ်တွဲ တစ်ရက် ၃၀၀၀၀ ကျပ်
- ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ တစ်ရက် ၆၀၀၀၀ ကျပ်
(ဃ) ကုန်ဒဏ်။ လက်ထိုးကုန်/ကုန်သေးတင်ဆောင်ခြင်းတွင် ကုန်ဒဏ်ကောက်ခံရန် ကျသင့် ပါက (၂၅)ပိဿာအတွက် တစ်ရက်လျှင် (၃၀၀)ကျပ်နှုန်း ကောက်ခံရမည်။
(င) တွဲရေဆေးခ။ ကုန်တွဲများ ရေရှည်အသုံးပြုနိုင်ရေးကို ရည်ရွယ်၍ တွဲများ စွန်းထင်းညစ်ပေ စေသော အောက်ဖော်ပြပါ ကုန်ပစ္စည်းများ တင်ဆောင်သည့်အခါ တွဲရေဆေး ကြောသန့်ရှင်းခအဖြစ် တွဲလုံးပြည့်/လက်ထိုးကုန်သေး တင်ဆောင်ခြင်းများ အတွက် (၄)ဘီးတွဲ(၁)တွဲလျှင် (၁၀၀၀/-)ကျပ်နှုန်း၊ (၈)ဘီးတွဲ(၁)တွဲလျှင်(၂၀၀၀/-) ကျပ်နှုန်း ဖြင့် ကောက်ခံရမည်-
- (၁) ပိုးသတ်ဆေး၊
- (၂) ဓာတ်မြေဩဇာ၊
- (၃) စက်ဆီ၊ ချောဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ရေနံဆီ၊
- (၄) ကြေးနီမှုန့်၊ ပွန်းစားတတ်သည့် တွင်းထွက်ကုန်ကြမ်းပစ္စည်းများ၊
- (၅) ဆား၊
- (၆) ငါးပိ၊ ငံပြာရည်၊ ငါးဆားနယ်၊
- (၇) တိရစ္ဆာန်များ။
(စ) စက်ခေါင်းနှင့်တွဲငှားရမ်းခ။ ရထားစက်ခေါင်းနှင့် ကုန်တွဲများ ငှားရမ်းအသုံးပြုခြင်း အတွက် အောက်ပါအတိုင်း ကောက်ခံယူရန်-
စဉ် စက်ခေါင်း/တွဲ တစ်ရက်ငှားရမ်းခ
(၁) ဒီဇယ်စက်ခေါင်း(၂၀၀၀ အား) ၂၂၅၀၀၀ ကျပ်
(၂) ဒီဇယ်စက်ခေါင်း(၁၆၀၀/၁၅၀၀/၁၃၀၀ အား) ၁၉၅၀၀၀ ကျပ်
(၃) ဒီဇယ်စက်ခေါင်း(၁၂၀၀/၁၁၀၀/၉၀၀ အား) ၁၆၅၀၀၀ ကျပ်
(၄) ဒီဇယ်စက်ခေါင်း(၅၀၀ အား) ၁၃၅၀၀၀ ကျပ်
(၅) ကုန်တွဲ/ဘရိတ်တွဲ(လေးဘီး) ၃၀၀၀၀ ကျပ်
(၆) ကုန်တွဲ/ဘရိတ်တွဲ(ရှစ်ဘီး) ၆၀၀၀၀ ကျပ်
မှတ်ချက်။ (၁) တစ်ရက်(၂၄-နာရီ)မပြည့်ပါကလည်း တစ်ရက်နှုန်းထား ကောက်ခံ ရမည်။
(၂) စက်ခေါင်းငှား/တွဲငှားခြင်းကို အထွေထွေမန်နေဂျာ(စီးပွားရေး)၏ ခွင့်ပြုချက် ဖြင့်သာ ဆောင်ရွက်ရမည်။
(ဆ) ကရိန်းငှားရမ်းခ။ မြန်မာ့မီးရထားပိုင် ကရိန်းများအား ငှားရမ်းအသုံးပြုခြင်းအတွက် ငှားရမ်းခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) ဒီဇယ်ကရိန်း(၃၅)တန်အထက်(ဆီဖိုးမပါ) တစ်ရက် ၄၀၀၀၀၀ ကျပ်
(၂) ဒီဇယ်ကရိန်း(၃၀/၃၅)တန် (ဆီဖိုးမပါ) တစ်ရက် ၃၀၀၀၀၀ ကျပ်
(၃) ရေနွေးငွေ့ကရိန်း(၃၀/၃၅)တန် (ဆီဖိုးမပါ) တစ်ရက် ၃၅၀၀၀၀ ကျပ်
(ဇ) ကုန်သေတ္တာ(Container)များအတွက် ကရိန်းငှားရမ်းခ။ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) ပေ(၂၀)ကုန်သေတ္တာကုန်ပြည့်ဖြင့် တစ်ကြိမ်မ ၂၀၀၀၀ ကျပ်
(၂) ပေ(၂၀)ကုန်သေတ္တာကုန်မပါ(အလွတ်) တစ်ကြိမ်မ ၁၂၀၀၀ ကျပ်
(၃) ပေ(၄၀)ကုန်သေတ္တာကုန်ပြည့်ဖြင့် တစ်ကြိမ်မ ၄၀၀၀၀ ကျပ်
(၄) ပေ(၄၀)ကုန်သေတ္တာကုန်မပါ(အလွတ်) တစ်ကြိမ်မ ၂၄၀၀၀ ကျပ်
(ဈ) ကုန်သေတ္တာ(Container)ထားသိုခ။ မြန်မာ့မီးရထားပိုင်မြေနေရာများတွင် ကုန် သေတ္တာ (Container)ကုန်ပြည့်/အလွတ်ထားရှိပါက စီးပွားရေး ဌာနမှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကောက်ခံ ရမည်။
၁၁။ လတ်တလော ကုန်ရထားပြေးဆွဲပေးနေသည့် ရထားလမ်းပိုင်းများ
(က) ရန်ကုန်-မန္တလေးလမ်းပိုင်း၊
(ခ ) ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၊
(ဂ ) ရန်ကုန်-ပြည်လမ်းပိုင်း။
၁၂။ လမ်းပိုင်းတစ်ခုချင်းအလိုက် ကုန်ရထားဖြင့် ကုန်တင်ဆောင်ရာတွင် ကျသင့်မည့် တန်ဆာခများ-
၁၃။ ကုန်တင်ဆောင်လိုခြင်းနှင့်ပတ်သက်၍ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင် ပါသည်-
(က) ဒုတိယအထွေထွေမန်နေဂျာ(ကုန်စည်)၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော်၊
ဖုံး။ ၀၆၇-၈၀၇၇၀၈၅
(ခ ) ကုန်စည်ဌာန၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော်၊ ဖုန်း ။ ၀၆၇-၈၀၇၇၁၆၉