(၁) ဝင်ငွေနှင့်အသုံးစရိတ်အားလုံးကို စစ်ဆေးခြင်းနှင့် ထိန်းသိမ်းပေးခြင်း၊ (Auditing and Internal Control)
(၂) အရှုံးအမြတ်နှင့် လက်ကျန်စာရင်းရှင်းတမ်းများပြုစုခြင်း၊ (Financial Accounting)
(၃) ဘဏ္ဍာရေးနှင့် စပ်လျဉ်းသော အကြံဉာဏ်များပေးခြင်းနှင့် ထိန်းသိမ်းပေးခြင်း၊ (Financial Advice and Control)
(၄) အလုံးစုံသော ဝင်ငွေများကောက်ခံခြင်းနှင့် အသုံးစရိတ်များပေးချေခြင်း (Realization of all Earnings & Settling of all Claims)
(က) ဝင်ငွေနှင့် အသုံးစရိတ်အားလုံးကို စစ်ဆေးခြင်းနှင့်ထိန်းသိမ်းပေးခြင်း၊ (Auditing and Internal Control)
- မြန်မာ့မီးရထား၏ ဝင်ငွေ၊ အသုံးစရိတ်နှင့် ပစ္စည်းစာရင်းထားရှိမှုများအား စနစ်တကျ မှန်ကန်မှုရှိစေရန် စစ်ဆေးခြင်း
- ဘူတာရုံအားလုံးရှိ ကနဉီးမှတ်တမ်းများကို လမ်းပိုင်းအလိုက် တာဝန်ခံ နယ်လှည့်ဘူတာစာရင်းစစ်များအား အမြဲတမ်း စေလွှတ်စစ်ဆေးခြင်းနှင့် အရာထမ်းများအား လိုအပ်သလို ရှောင်တခင်စစ်ဆေးခြင်း၊
- ပြင်ပရုံး၊ စက်ရုံအားလုံးတို့ကို ရုံးလုပ်ငန်းစစ်ဆေးရေးအဖွဲ့အား အလှည့်ကျ စေလွှတ်၍ ဘဏ္ဍာရေးဆိုင်ရာ၊ ကနဉီး မှတ်တမ်းများကို စစ်ဆေးခြင်း၊
- ပစ္စည်းသိုလှောင်ရာဌာနများသို့ ပစ္စည်းစာရင်းစစ်များအား အလှည့်ကျ စေလွှတ်၍ လယ်ဂျာစာရင်းနှင့် ပစ္စည်းလက်ကျန်များကို သွားရောက် စစ်ဆေးခြင်း၊
- အသုံးစရိတ်ငွေတောင်းခံလွှာများကို မှားယွင်းမှု၊ ပိုမိုထုတ်ပေးမှု မရှိစေရေး အတွက် ငွေထုတ်မပေးမီ ကြိုတင်စစ်ဆေးခြင်း၊ (Pre-audit system)
(ခ) အရှုံးအမြတ်နှင့် လက်ကျန်စာရင်းရှင်းတမ်းများပြုစုခြင်း၊ (Financial Accounting)
- မြန်မာ့မီးရထား၏ ဝင်ငွေနှင့် အသုံးစရိတ်စာရင်း (အရှုံးအမြတ်စာရင်း)ကို လစဉ်ပြုစုတင်ပြခြင်း၊
- နှစ်ချုပ်စာရင်းကို ပြုစုတင်ပြခြင်း၊
(ဂ) ဘဏ္ဍာရေးနှင့်စပ်လျဉ်းသော အကြံဉာဏ်များပေးခြင်းနှင့် ထိန်းသိမ်းပေးခြင်း၊ (Financial Advice and Control)
- ဘဏ္ဍာငွေသုံးစွဲမှုများ၊ ဝန်ထမ်းရေးရာ အဆိုပြုချက်များကို လေ့လာစိစစ်ပြီး၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းရှုဒေါင့်မှ အကြံဉာဏ်ပေးခြင်း၊
- ငွေသားစီမံချက်စာရင်း (Cash Flow)ကို ဌာနအသီးသီးမှ တောင်းခံ၍ ရေးဆွဲ ပေးခြင်း၊
- ရသုံးမှန်းခြေငွေစာရင်းခွင့်ပြုငွေဘောင်အတွင်းမှ ဘတ်ဂျက်ခွင့်ပြုငွေထက် ပိုမိုသုံးစွဲမှုမရှိစေရေး ထိန်းချုပ်ဆောင်ရွက်ပေးရခြင်း၊
- ပေးအပ်ထားသော ဘဏ္ဍာငွေသုံးစွဲခွင့်နှင့် လုပ်ပိုင်ခွင့်အတွင်း ငွေသုံးစွဲခြင်း ရှိမရှိကို စိစစ်ပေးခြင်း၊
- ဌာနခွဲအသီးသီးက ပေးပို့လာသော စာရင်းများသည် မှန်ကန်မှုရှိစေရန် ဘဏ္ဍာရေးဌာနမှ ပြင်ပရုံးများစာရင်းစစ်ဆေးရေးအဖွဲ့အား ၎င်းရုံးများရှိ စာရင်းအင်း၊ ကနဉီးမှတ်တမ်းများကို အလှည့်ကျစေလွှတ်စစ်ဆေးခြင်း၊
(ဃ) အလုံးစုံသော ဝင်ငွေများကောက်ခံခြင်းနှင့် အသုံးစရိတ်များပေးချေခြင်း၊ (Realization of all Earnings & Settling of all Claims)
- (၁) မြန်မာ့မီးရထား၏ ဝင်ငွေအားလုံးကို လက်ခံထိန်းသိမ်းပေးခြင်း၊
- (၂) ရငွေများအားလုံးကို မြန်မာ့စီးပွားရေးဘဏ်များသို့ နေ့စဉ်အပ်နှံပေးသွင်းခြင်း၊
- (၃) ဌာနခွဲအသီးသီးမှ တောင်းခံလာသော ငွေတောင်းခံလွှာအားလုံးကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးပြီးမှ ထုတ်ပေးရခြင်း၊
- (၄) အဆောင်ငွေအသုံးပြုခွင့်ရရှိထားသော ဌာနခွဲအသီးသီး၏ အသုံးစရိတ်များကို ဘဏ္ဍာရေးဌာနက စစ်ဆေးပြီးမှ အဆောင်ငွေထပ်ဖြည့်ပေးရခြင်း၊
- (၅) အာမခံငွေသွင်းလျှက် ကြွေးကတိလွှာဖြင့် ကုန်တင်ပို့ခငွေများကို ငွေရရှိရန် စာရင်းရှင်းတမ်းပြုလုပ်၍ တောင်းခံခြင်း၊
- (၆) ဝရမ်းဖြင့် ခရီးသွားခြင်းအတွက် ငွေတောင်းခံလွှာပြုစု၍ တောင်းခံခြင်း၊
- (၇) လူမှုဖူလုံရေးအဖွဲ့မှ အာမခံထားရှိသူများအတွက် ရရန်ငွေများကို တောင်းခံခြင်း၊
- (၈) နိုင်ငံခြားချေးငွေ ကိစ္စနှင့်ပတ်သက်၍ ချေးငွေရယူခြင်း၊ ပြန်လည်ပေးဆပ်ခြင်း တို့ကို ဆောင်ရွက်ပေးခြင်း၊
- (၉) နိုင်ငံခြားသုံးငွေ ခွင့်ပြုချက်များ ရရှိရန်ဆောင်ရွက်ပေးခြင်း၊
- (၁၀) မြန်မာ့မီးရထား ဝန်ထမ်းများနှင့် အငြိမ်းစားများ၏ လစာငွေနှင့် ပင်စင်ငွေ များကို လစဉ်ထုတ်ပေးခြင်း၊
- (၁၁) ထောက်ပံ့ဌာနမှ သိုလှောင်ပစ္စည်းများအတွက် တန်ဖိုးပြလယ်ဂျာများ ထိန်းသိမ်းပေးခြင်း၊
- (၁၂) မြန်မာ့မီးရထား၊ ငွေစုငွေချေးအသင်း လစဉ်ကြေးနှင့် အကြွေးငွေများ တောင်းခံခြင်း၊
- (၁၃) လူမှုဖူလုံရေးအဖွဲ့နှင့် ပတ်သက်သော လုပ်ငန်းများကို ကွပ်ကဲလုပ်ကိုင်ပေးခြင်း၊
- (၁၄) စီမံအုပ်ချုပ်မှုငွေစာရင်း (Management Accounts)ကို အုပ်ချုပ်ရေးပိုင်းမှ တောင်းခံလျှင် ပြုစုပေးခြင်း၊
- အထက်ပါ လုပ်ငန်းတာဝန်များကို ရုံးချုပ်နှင့်တိုင်းရုံးခွဲ (၆)ရုံးဖြင့် အောက်ပါအတိုင်း ဆောင်ရွက် လျက်ရှိပါသည်-
(က) ဘဏ္ဍာရေးဌာနရုံးချုပ်ရှိဌာနစိတ်များ
- (၁) အမှုထမ်းဌာနစိတ်
- (၂) သယ်ယူပို့ဆောင်ရေးဝင်ငွေစာရင်းစစ်ဌာနစိတ်
- (၃) အသုံးစာရင်းဌာနစိတ်
- (၄) စာရင်းပြုစုရေးဌာနစိတ်
- (၅) ပင်စင်ဌာနစိတ်
- (၆) လစာပေးနှင့်ငွေတိုက်ဌာနစိတ်
- (၇) လက်မှတ်နှင့်ပုံစံပုံနှိပ်ဌာနစိတ်
- (၈) ပစ္စည်းစာရင်းစစ်နှင့်ပြင်ပရုံးလုပ်ငန်းစစ်ဆေးရေးဌာနစိတ်
- (၉) ရသုံးမှန်းခြေငွေစာရင်းဌာနစိတ်
- (၁၀) ပစ္စည်းစာရင်းဌာနစိတ် (ပြည်ပဝယ်)
- (၁၁) ပစ္စည်းစာရင်းဌာနစိတ် (ပြည်တွင်းဝယ်)
- (၁၂) ပစ္စည်းလယ်ဂျာဌာနစိတ်
- (၁၃) စာပေးစာယူဌာနစိတ်
(ခ) တိုင်းရုံးခွဲများ
- (၁) တိုင်းအမှတ် (၁)၊ မြစ်ကြီးနားရုံး
- (၂) တိုင်းအမှတ် (၃)၊ မန္တလေးရုံး
- (၃) တိုင်းအမှတ် (၄)၊ ကလောရုံး
- (၄) တိုင်းအမှတ် (၅)၊ တောင်ငူရုံး
- (၅) တိုင်းအမှတ် (၇)၊ ရန်ကုန်ရုံး
- (၆) တိုင်းအမှတ် (၁၀)၊ ပခုက္ကူရုံး