ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် သီတင်းကျွတ်ကာလ အတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန် အတွက် ရန်ကုန်-ပြည်-ရန်ကုန် နှင့် ရန်ကုန် – မော်လမြိုင် – ရန်ကုန် ခရီးစဉ်များကို ပုံမှန် ရထားများအပြင် အထူးရထားများအား အောက်ပါ နေ့ရက်များအတိုင်း တိုးချဲ့ပြေးဆွဲပေးသွား မည်ဖြစ်ပါသည်-

စဉ်

နေ့ရက် ရထားအမှတ် ခရီးစဉ် ထွက်/ရောက်ချိန်

မှ

ထိ

ထွက်ချိန်

ရောက်ချိန်

၁၅.၁၀.၂၀၂၄

အဆန်အထူး

ရန်ကုန်

ပြည်

၁၃:၀၀

၂၀:၅၅

အဆန်အထူး

ရန်ကုန်

မော်လမြိုင်

၀၇:၄၅

၁၇:၄၅

အစုန်အထူး

မော်လမြိုင်

ရန်ကုန်

၀၉:၁၅

၁၉:၁၀

၂၀.၁၀.၂၀၂၄

အစုန်အထူး

ပြည်

ရန်ကုန်

၂၂:၃၀

၀၆:၃၀

အဆန်အထူး

ရန်ကုန်

မော်လမြိုင်

၀၇:၄၅

၁၇:၄၅

အစုန်အထူး မော်လမြိုင် ရန်ကုန် ၁၉:၁၅

၁၉:၁၀

အထက်ပါနေ့ရက်များအလိုက် အထူးရထားများအပြင် ခရီးသွားပြည်သူများ လိုက်ပါ စီးနင်းမှုအပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိ သည့် ရထားများတွင် ဝန်ချိန်ပြည့် တွဲဆိုင်းများတိုးချဲ့ချိတ်ဆက် ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

ရထားစီးခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်အား (၃)ရက်ကြိုတင်၍လည်း ကောင်း၊ ရိုးရိုးတန်းလက်မှတ်အား (၁)ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ် ကြောင်းနှင့် ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့် ရထားများအတိုင်းဖြစ်ပါသည်။