စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန

စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၏ အဓိက ဆောင်ရွက်ရသော လုပ်ငန်းတာဝန်များ

  • (၁) ဒီဇယ်စက်ခေါင်းများပြင်ဆင်မွမ်းမံထိန်းသိမ်းခြင်း
  • (၂) လူစီးတွဲ၊ ကုန်တွဲများ ပြင်ဆင်မွမ်းမံထိန်းသိမ်းခြင်း
  • (၃) စက်ခေါင်းသစ်၊ လူစီးတွဲနှင့် ကုန်တွဲအသစ်များ၊ နိုင်ငံခြားမှ ဝယ်ယူရာ၌ စံနှုန်း သတ်မှတ် ချက်များ၊ ပုံစံရေးဆွဲခြင်းနှင့် စစ်ဆေးခြင်း
  • (၄) စက်ခေါင်းသစ်များတပ်ဆင်ထုတ်လုပ်ခြင်း
  • (၅) လူစီးတွဲနှင့်ကုန်တွဲများ အစမှအဆုံးအသစ်တည်ဆောက်ခြင်း
  • (၆)စက်ခေါင်းများကို စနစ်တကျနှင့် အထိရောက်ဆုံးအသုံးပြုခြင်း
  • (၇) စက်ခေါင်းမောင်းများ၊ ရထားတွဲထိန်းများကို ပြေးဆွဲရထားများ၌ တာဝန်ထမ်းဆောင် စေခြင်း
  • (၈) ဝန်ချီစက်အမျိုးမျိုး၊ စက်ပစ္စည်းများ၊ စက်မှုဌာနသုံးသံလမ်းပြေးယာဉ် အမျိုးမျိုးတို့ကို ပြင်ဆင်မွမ်းမံထိန်းသိမ်းခြင်း
  • (၉) ဓါတ်အားပေးစက်များ၊ ရေစုပ်စက်၊ လေမှုတ်စက်များကို ပြင်ဆင်မွမ်းမံ ထိန်းသိမ်းခြင်း
  • (၁၀) စက်ရုံကြီးများရှိ စက်ယန္တရားများ၊ သံရည်ကျိုစက်များ၊ အီလက်ထရောနစ် စက်ပစ္စည်း များကို တပ်ဆင်ခြင်း၊ လျှပ်စစ်ဓါတ်အားပေးခြင်းများ
  • (၁၁) ရထားများ၊ ဘူတာရုံများ၊ စက်ရုံများနှင့် ဝန်ထမ်းအိမ်ရာများအတွက် လျှပ်စစ်မီး တပ်ဆင် ခြင်း၊ ဓါတ်အားပေးခြင်း အစရှိသည့်ကို တာဝန်ယူရခြင်း တို့ဖြစ်ပါသည်။