စက်မှုသွားလာဌာနခွဲ

စက်မှုသွားလာဌာနခွဲမှဆောင်ရွက်ရသည့်လုပ်ငန်းတာဝန်များ

စက်မှု/သွားလာဌာနခွဲသည် မြန်မာ့မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၏ ဌာနခွဲတစ်ခုဖြစ်ပါသည်။ အဓိကလုပ်ငန်းတာဝန်များမှာ လမ်းပိုင်းအလိုက်ပြေးဆွဲနေသော ရထား သွားလာရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ရထားလိုက်ဝန်ထမ်းများအား စီစဉ်၍ တာဝန် ပေးအပ်ခြင်း၊ ရထားပြေးဆွဲသော လမ်းပိုင်းအလိုက် စက်ခေါင်းအမျိုးအစား၊ ခရီးစဉ်၊ ရထားဝန်ချိန် များအပေါ်မူတည်၍ လောင်စာဆီသုံးစွဲမှု(ရာရှင်)အား စိစစ်တင်ပြအတည်ပြုချက် ရယူထုတ်ပြန်ပေး ခြင်းနှင့် ရထားသုံး ဒီဇယ်ဆီများအား သက်ဆိုင်ရာစက်ရုံများသို့ ဖြန့်ဖြူးပေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးရသော ဌာနတစ်ခုဖြစ်ပါသည်။ ဌာနအနေဖြင့်

အဓိကဆောင်ရွက်ရသော လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်

  • နေ့စဉ်ပြေးဆွဲနေသော ရထားများအပြင် အခါအားလျော်စွာ တောင်းခံလာသော အထူး ရထား များအတွက် ရထားလိုက်ဝန်ထမ်းများ စီစဉ်ပေးရခြင်း၊
  • နေ့စဉ်စက်ခေါင်းအသုံးပြုမှုနှင့် စက်သုံးဆီအသုံးပြုမှုများ မှတ်တမ်းထားရှိခြင်း၊
  • အခြားဌာနများအတွက် ပုံမှန်သတ်မှတ်ပေးထားသော စက်သုံးဆီများကို နယ်မြေအလိုက် ထုတ်ယူ ရရှိနိုင်ရေးအတွက် ညွှန်ကြားချက်များအရ ဆောင်ရွက်ရခြင်း၊
  • မြန်မာ့မီးရထားစီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော စက်သုံးဆီများကို ညွှန်ကြားချက် များအရ ထုတ်ယူရရှိနိုင်ရေးဆောင်ရွက်ရခြင်း၊
  • အတည်ပြုရာရှင်ထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အင်ဂျင်နီယာမှူး၊ လက်ထောက် အင်ဂျင်နီယာတို့၏ တင်ပြချက်သာမကပဲ ဆက်စပ်ရထားများ၏ ကုန်ကျမှုများကို ချင့်ချိန် ၍ အမှန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးရခြင်း၊ စိစစ်တင်ပြခြင်း၊ ခွင့်ပြုချက်ရရှိက ထုတ်ပြန်ခြင်း၊
  • စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနတွင် စက်ခေါင်းသွားလာရေးဌာနနှင့်ပတ်သက်၍ တာ ဝန်ယူ ဆောင်ရွက်ရခြင်း၊
  • စက်ခေါင်းလိုက်နားနေရိပ်သာများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးရခြင်း တို့ဖြစ်ပါ သည်။