ဘဏ္ဍာရေးဌာန

ဘဏ္ဍာရေးဌာနမှဆောင်ရွက်ရသည့်လုပ်ငန်းတာဝန်များ

(၁) ဝင်ငွေနှင့်အသုံးစရိတ်အားလုံးကို စစ်ဆေးခြင်းနှင့် ထိန်းသိမ်းပေးခြင်း၊ (Auditing and Internal Control)

(၂) အရှုံးအမြတ်နှင့် လက်ကျန်စာရင်းရှင်းတမ်းများပြုစုခြင်း၊ (Financial Accounting)

(၃) ဘဏ္ဍာရေးနှင့် စပ်လျဉ်းသော အကြံဉာဏ်များပေးခြင်းနှင့် ထိန်းသိမ်းပေးခြင်း၊ (Financial Advice and Control)

(၄) အလုံးစုံသော ဝင်ငွေများကောက်ခံခြင်းနှင့် အသုံးစရိတ်များပေးချေခြင်း (Realization of all Earnings & Settling of all Claims)

(က) ဝင်ငွေနှင့် အသုံးစရိတ်အားလုံးကို စစ်ဆေးခြင်းနှင့်ထိန်းသိမ်းပေးခြင်း၊ (Auditing and Internal Control)

  • မြန်မာ့မီးရထား၏ ဝင်ငွေ၊ အသုံးစရိတ်နှင့် ပစ္စည်းစာရင်းထားရှိမှုများအား စနစ်တကျ မှန်ကန်မှုရှိစေရန် စစ်ဆေးခြင်း
  • ဘူတာရုံအားလုံးရှိ ကနဉီးမှတ်တမ်းများကို လမ်းပိုင်းအလိုက် တာဝန်ခံ နယ်လှည့်ဘူတာစာရင်းစစ်များအား အမြဲတမ်း စေလွှတ်စစ်ဆေးခြင်းနှင့် အရာထမ်းများအား လိုအပ်သလို ရှောင်တခင်စစ်ဆေးခြင်း၊
  • ပြင်ပရုံး၊ စက်ရုံအားလုံးတို့ကို ရုံးလုပ်ငန်းစစ်ဆေးရေးအဖွဲ့အား အလှည့်ကျ စေလွှတ်၍ ဘဏ္ဍာရေးဆိုင်ရာ၊ ကနဉီး မှတ်တမ်းများကို စစ်ဆေးခြင်း၊
  • ပစ္စည်းသိုလှောင်ရာဌာနများသို့ ပစ္စည်းစာရင်းစစ်များအား အလှည့်ကျ စေလွှတ်၍ လယ်ဂျာစာရင်းနှင့် ပစ္စည်းလက်ကျန်များကို သွားရောက် စစ်ဆေးခြင်း၊
  • အသုံးစရိတ်ငွေတောင်းခံလွှာများကို မှားယွင်းမှု၊ ပိုမိုထုတ်ပေးမှု မရှိစေရေး အတွက် ငွေထုတ်မပေးမီ ကြိုတင်စစ်ဆေးခြင်း၊ (Pre-audit system)

(ခ) အရှုံးအမြတ်နှင့် လက်ကျန်စာရင်းရှင်းတမ်းများပြုစုခြင်း၊ (Financial Accounting)

  • မြန်မာ့မီးရထား၏ ဝင်ငွေနှင့် အသုံးစရိတ်စာရင်း (အရှုံးအမြတ်စာရင်း)ကို လစဉ်ပြုစုတင်ပြခြင်း၊
  • နှစ်ချုပ်စာရင်းကို ပြုစုတင်ပြခြင်း၊

(ဂ) ဘဏ္ဍာရေးနှင့်စပ်လျဉ်းသော အကြံဉာဏ်များပေးခြင်းနှင့် ထိန်းသိမ်းပေးခြင်း၊ (Financial Advice and Control)

  • ဘဏ္ဍာငွေသုံးစွဲမှုများ၊ ဝန်ထမ်းရေးရာ အဆိုပြုချက်များကို လေ့လာစိစစ်ပြီး၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းရှုဒေါင့်မှ အကြံဉာဏ်ပေးခြင်း၊
  • ငွေသားစီမံချက်စာရင်း (Cash Flow)ကို ဌာနအသီးသီးမှ တောင်းခံ၍ ရေးဆွဲ ပေးခြင်း၊
  • ရသုံးမှန်းခြေငွေစာရင်းခွင့်ပြုငွေဘောင်အတွင်းမှ ဘတ်ဂျက်ခွင့်ပြုငွေထက် ပိုမိုသုံးစွဲမှုမရှိစေရေး ထိန်းချုပ်ဆောင်ရွက်ပေးရခြင်း၊
  • ပေးအပ်ထားသော ဘဏ္ဍာငွေသုံးစွဲခွင့်နှင့် လုပ်ပိုင်ခွင့်အတွင်း ငွေသုံးစွဲခြင်း ရှိမရှိကို စိစစ်ပေးခြင်း၊
  • ဌာနခွဲအသီးသီးက ပေးပို့လာသော စာရင်းများသည် မှန်ကန်မှုရှိစေရန် ဘဏ္ဍာရေးဌာနမှ ပြင်ပရုံးများစာရင်းစစ်ဆေးရေးအဖွဲ့အား ၎င်းရုံးများရှိ စာရင်းအင်း၊ ကနဉီးမှတ်တမ်းများကို အလှည့်ကျစေလွှတ်စစ်ဆေးခြင်း၊

(ဃ) အလုံးစုံသော ဝင်ငွေများကောက်ခံခြင်းနှင့် အသုံးစရိတ်များပေးချေခြင်း၊ (Realization of all Earnings & Settling of all Claims)

  • (၁)       မြန်မာ့မီးရထား၏ ဝင်ငွေအားလုံးကို လက်ခံထိန်းသိမ်းပေးခြင်း၊
  • (၂)        ရငွေများအားလုံးကို မြန်မာ့စီးပွားရေးဘဏ်များသို့ နေ့စဉ်အပ်နှံပေးသွင်းခြင်း၊
  • (၃)       ဌာနခွဲအသီးသီးမှ တောင်းခံလာသော ငွေတောင်းခံလွှာအားလုံးကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးပြီးမှ ထုတ်ပေးရခြင်း၊
  • (၄)      အဆောင်ငွေအသုံးပြုခွင့်ရရှိထားသော ဌာနခွဲအသီးသီး၏ အသုံးစရိတ်များကို ဘဏ္ဍာရေးဌာနက စစ်ဆေးပြီးမှ အဆောင်ငွေထပ်ဖြည့်ပေးရခြင်း၊
  • (၅)       အာမခံငွေသွင်းလျှက် ကြွေးကတိလွှာဖြင့် ကုန်တင်ပို့ခငွေများကို ငွေရရှိရန် စာရင်းရှင်းတမ်းပြုလုပ်၍ တောင်းခံခြင်း၊
  • (၆)       ဝရမ်းဖြင့် ခရီးသွားခြင်းအတွက် ငွေတောင်းခံလွှာပြုစု၍ တောင်းခံခြင်း၊
  • (၇)       လူမှုဖူလုံရေးအဖွဲ့မှ အာမခံထားရှိသူများအတွက် ရရန်ငွေများကို တောင်းခံခြင်း၊
  • (၈)       နိုင်ငံခြားချေးငွေ ကိစ္စနှင့်ပတ်သက်၍ ချေးငွေရယူခြင်း၊ ပြန်လည်ပေးဆပ်ခြင်း တို့ကို ဆောင်ရွက်ပေးခြင်း၊
  • (၉)       နိုင်ငံခြားသုံးငွေ ခွင့်ပြုချက်များ ရရှိရန်ဆောင်ရွက်ပေးခြင်း၊
  • (၁၀)     မြန်မာ့မီးရထား ဝန်ထမ်းများနှင့် အငြိမ်းစားများ၏ လစာငွေနှင့် ပင်စင်ငွေ များကို လစဉ်ထုတ်ပေးခြင်း၊
  • (၁၁)     ထောက်ပံ့ဌာနမှ သိုလှောင်ပစ္စည်းများအတွက် တန်ဖိုးပြလယ်ဂျာများ ထိန်းသိမ်းပေးခြင်း၊
  • (၁၂)     မြန်မာ့မီးရထား၊ ငွေစုငွေချေးအသင်း လစဉ်ကြေးနှင့် အကြွေးငွေများ တောင်းခံခြင်း၊
  • (၁၃)     လူမှုဖူလုံရေးအဖွဲ့နှင့် ပတ်သက်သော လုပ်ငန်းများကို ကွပ်ကဲလုပ်ကိုင်ပေးခြင်း၊
  • (၁၄)     စီမံအုပ်ချုပ်မှုငွေစာရင်း (Management Accounts)ကို အုပ်ချုပ်ရေးပိုင်းမှ တောင်းခံလျှင် ပြုစုပေးခြင်း၊
  • အထက်ပါ လုပ်ငန်းတာဝန်များကို ရုံးချုပ်နှင့်တိုင်းရုံးခွဲ (၆)ရုံးဖြင့် အောက်ပါအတိုင်း ဆောင်ရွက် လျက်ရှိပါသည်-

(က)    ဘဏ္ဍာရေးဌာနရုံးချုပ်ရှိဌာနစိတ်များ

  • (၁)     အမှုထမ်းဌာနစိတ်
  • (၂)      သယ်ယူပို့ဆောင်ရေးဝင်ငွေစာရင်းစစ်ဌာနစိတ်
  • (၃)     အသုံးစာရင်းဌာနစိတ်
  • (၄)     စာရင်းပြုစုရေးဌာနစိတ်
  • (၅)     ပင်စင်ဌာနစိတ်
  • (၆)     လစာပေးနှင့်ငွေတိုက်ဌာနစိတ်
  • (၇)     လက်မှတ်နှင့်ပုံစံပုံနှိပ်ဌာနစိတ်
  • (၈)     ပစ္စည်းစာရင်းစစ်နှင့်ပြင်ပရုံးလုပ်ငန်းစစ်ဆေးရေးဌာနစိတ်
  • (၉)     ရသုံးမှန်းခြေငွေစာရင်းဌာနစိတ်
  • (၁၀)   ပစ္စည်းစာရင်းဌာနစိတ် (ပြည်ပဝယ်)
  • (၁၁)   ပစ္စည်းစာရင်းဌာနစိတ် (ပြည်တွင်းဝယ်)
  • (၁၂)    ပစ္စည်းလယ်ဂျာဌာနစိတ်
  • (၁၃)   စာပေးစာယူဌာနစိတ်

(ခ)     တိုင်းရုံးခွဲများ

  • (၁)     တိုင်းအမှတ် (၁)၊ မြစ်ကြီးနားရုံး
  • (၂)      တိုင်းအမှတ် (၃)၊ မန္တလေးရုံး
  • (၃)     တိုင်းအမှတ် (၄)၊ ကလောရုံး
  • (၄)     တိုင်းအမှတ် (၅)၊ တောင်ငူရုံး
  • (၅)     တိုင်းအမှတ် (၇)၊ ရန်ကုန်ရုံး
  • (၆)     တိုင်းအမှတ် (၁၀)၊ ပခုက္ကူရုံး