စစ်ဆေးရေး

မြန်မာ့မီးရထား

စီးပွားရေးဌာန

အရာထမ်းများ၏ တာဝန်ဝတ္တရားများ

(၁) စီမံခန့်ခွဲရေးအဖွဲ့ဝင်တစ်ဦးအနေဖြင့် ဝန်ကြီ:ဌာနမှ ချမှတ်ပေးသော မူဝါဒများကို အကောင်အထည်ဖေါ်နိုင်ရေးအတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းရေးဆွဲရာတွင်လည်းကောင်း၊ စီမံချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်ရာတွင်လည်းကောင်း၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြခြင်း၊ အကြံပြုခြင်း၊

(၂) နှစ်စဉ်ခရီးသည်ဘက်ဆိုင်ရာ၊ ကုန်စည်ဘက်ဆိုင်ရာနှင့် အထွေထွေဝင်ငွေအပါအဝင် ဝင်ငွေများ အပြည့်အဝ ကောက်ခံရရှိအောင် ဆောင်ရွက်ခြင်း၊ ဝင်ငွေအခြေအနေကို လစဉ် အစီရင်ခံခြင်းနှင့် နှစ်ချုပ်အစီရင်ခံခြင်း၊

(၃) နှစ်စဉ်ခရီးသည်ဘက်ဆိုင်ရာ၊ ကုန်စည်ဘက်ဆိုင်ရာနှင့် အထွေထွေဝင်ငွေ လျာထားချက် စာရင်းများကို ဦးဆောင်ညွှန်ကြားရေးမှူးထံ နှစ်စဉ်စီမံကိန်းရေးဆွဲရေးအတွက် တင်ပြရခြင်း၊ နှစ်ချုပ်သုံးသပ်ချက် အစီရင်ခံစာတင်သွင်းရခြင်း၊

(၄) လမ်းပိုင်းအလိုက် ရထားများ ပြေးဆွဲရေးအတွက် လိုအပ်ချက်များကိုတင်ပြခြင်း၊ ရပ်တန့်မည့် ဘူတာများ ပြုပြင်ပြောင်းလဲမှုတင်ပြခြင်း၊ ခရီးသည်များ အဆင်ပြေမှု အတွက် အချိန်စာရင်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါက တင်ပြခြင်း၊

(၅) ခရီးသည်နှင့် ကုန်စည်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ သုတေသနပြုလုပ်ခြင်း၊ စီမံကိန်းများ စီစဉ်ရေးဆွဲခြင်း၊

(၆) သယ်ပို့ရသည့်ခရီးစဉ်နှင့် ကုန်စည်ပစ္စည်းပမာဏအလိုက် စုစုပေါင်းလိုအပ်သည့် လိုအပ်လာမည့် လူစီးတွဲ၊ ကုန်တွဲအမျိုးအစားနှင့် အရေအတွက် စိစစ်တွက်ချက်ခြင်း၊ ထပ်မံ တည်ဆောက်ရန်လိုအပ်မှုအတွက် လေ့လာခြင်း၊ စီမံကိန်းရေးဆွဲတင်ပြခြင်း၊

(၇) လူစီးရထားနှင့် ကုန်တွဲရထားများ အပြည့်အဝပြေးဆွဲနိုင်ရေးအတွက် စက်ခေါင်းနှင့် တွဲ လိုအပ်ချက်များကို စက်မှုဌာနသို့ တင်ပြတောင်းခံခြင်း၊ စက်မှုဌာန၏ ပြုပြင်ထုတ်လုပ် နိုင်မှုအပေါ် မူတည်၍ အကျိုးရှိအထိရောက်ဆုံးဖြစ်စေရန် သွားလာဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊

(၈) ခရီးသည်များ၏ သက်တောင့်သက်သာဖြစ်မှုအတွက် ဘူတာရုံအခင်းအကျင်း လိုအပ်ချက်များ မြို့ပြဌာသို့ တောင်းခံခြင်း၊ လူစီးတွဲများ၏ ထိုင်ခုံနှင့် ဖွဲ့စည်းပုံ အခင်းအကျင်းများ၊ ရေ၊ မီး၊ အိမ်သာ၊ သန့်ရှင်းရေးလိုအပ်ချက်များ စစ်ဆေးခြင်း၊ လိုအပ်ချက်များ စက်မှုဌာနသို့ တောင်းခံခြင်း၊

(၉) ခရီးသည်နှင့် ကုန်စည်တင်ဆောင်ခနှုန်းထားများ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း နှုန်းထားနှင့် ပတ်သတ်သည့် ကိစ္စများအားလုံးအတွက် လေ့လာခြင်း၊ စိစစ်ခြင်း၊ အထက်သို့ အကြံဉာဏ် ပေးခြင်း၊

(၁၀) ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ ခရီးသည်ဘက်နှင့် ကုန်စည်ဘက်ဆိုင်ရာ အခနှုန်းထားများ နည်းဥပဒေထုတ်ပြန်ခြင်း၊ ပြင်ဆင်ရေးဆွဲခြင်း၊

(၁၁) ဝင်ငွေအလွဲသုံးစားမှုများ၊ မသမာမှုများ ဖြစ်ပွားပါက စုံစမ်းစစ်ဆေးစေခြင်း၊ အပြစ်ပေး အရေးယူခြင်း၊ ထပ်မံမဖြစ်ပွားစေရန် လိုအပ်သော စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်းများ ညွှန်ကြားပြဌာန်းခြင်း၊

(၁၂) အများပြည်သူခရီးသည်များထံမှ အကြံပေးစာများ လက်ခံစုစည်းခြင်း၊ အကြံပေးချက် များအပေါ် လေ့လာ၍ ပြုပြင်ဆောင်ရွက်ခြင်း၊

(၁၃) ခရီးသည်နှင့် ကုန်တင်ပို့သူများမှ မကျေနပ်၍ တိုင်တန်းသော တိုင်ကြားစာများအပေါ် စုံစမ်းစစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊ အရေးယူခြင်း၊

(၁၄) စာရင်းစစ်အစီရင်ခံစာများကို စိစစ်လေ့လာ၍ အရေးယူရန် သို့မဟုတ် ဆောင်ရွက်ရန် ရှိသည်တို့ကို အပြီးတိုင်ဆောင်ရွက်ခြင်း၊

(၁၅) ကုန်စည်ပို့ဆောင်ရာ၌ ပစ္စည်းများပျက်စီး၊ ချို့ယွင်း၊ ပျောက်ဆုံးမှုနှင့် ပတ်သတ်သော လျော်ကြေးတောင်းခံမှုများ အဆုံးအဖြတ်ပေးခြင်း၊ နောက်ထပ်မဖြစ်ပွားအောင် အစီအစဉ်များ ပြုလုပ်ခြင်း၊

(၁၆) တွဲဒဏ်၊ ကုန်ဒဏ်များ ထောက်ခံခြင်းနှင့် ပတ်သက်သော ပြန်အမ်းငွေတောင်းခံမှု လျှောက်ထားချက်များကို စစ်ဆေးအမိန့်ချမှတ်ခြင်း၊

(၁၇) ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးနှင့် ပတ်သက်၍ မီးရထားကိုယ်စား တရားရုံး၌ တရားဆိုင်ရခြင်း၊

(၁၈) စာနယ်ဇင်းများက ရထားသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ဝေဖန်ရေးသားချက်များကို စိစစ်၍ အရေးယူဆောင်ရွက်ခြင်း၊

(၁၉) ခရီးသည်နှင့် ကုန်စည်များသယ်ယူပို့ဆောင်မှု ပမာဏတိုးတက်လာစေရန် နည်းလမ်းများ ရှာဖွေခြင်း၊ အထွေထွေဝင်ငွေတိုးတက်လာစေရန်အတွက် ရထားသွားလာရေးနှင့် မဆိုင်သည့် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်နည်းလမ်းရှာဖွေခြင်း အကြံပြုတင်ပြခြင်း၊

(၂၀) ခရီးသည်များ လွယ်လင့်တကူနှင့် ဈေးနှုန်းချိုသာပြီ: အဆင့်တန်းမြင့်စွာ ဝယ်ယူ စားသုံးနိုင်စေရန်အတွက် ဘူတာဈေးဆိုင်များ၊ စားသောက်တွဲများ၊ ဟိုတယ်များကို ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ညွှန်ကြားပေးခြင်း၊ အချို့သော ဘူတာများ၌ ခရီးသည်များ ပစ္စည်းများ ခေတ္တအပ်နှံရန် ဌာနများစနစ်တကျ ဖွင့်လှစ်ရန် စီစဉ်ပေးခြင်း၊

(၂၁) ခရီးသွားပြည်သူလူထုတို့ သွားလာမှု အဆင်ပြေစေရေးအတွက် လိုအပ်သည့် နေရာများတွင် ရထားရပ်စခန်းများဖွင့်ပေးခြင်း၊ လက်မှတ်ရောင်း ကန်ထရိုက်များ ခန့်အပ်ခြင်း၊ လိုအပ်ပါက လမ်းပိုင်းဘူတာအဖြစ် ဖွင့်လှစ်ပေးရန် ဆောင်ရွက်ခြင်း၊

(၂၂) မီးရထားလမ်းပေါက်ရောက်ခြင်းမှရှိသော ဒေသများသို့ ပစ္စည်းများ တောက်လျောက် တန်ဆာပြုလုပ်တင်ပို့နိုင်ရန် လိုအပ်သလိုတို့ချဲ့စီစဉ်ပေးခြင်း၊

(၂၃) တောင်းယူရရှိရန် လက်ကျန်ကြွေးများ ခုနှိမ်ဖြတ်တောက်ယူရန်ကြွေးများ စသည် တို့အား စာရင်းမှ ရှင်းလင်းနိုင်ရန်အတွက် အရေးယူဆောင်ရွက်ခြင်း၊

(၂၄) မန်နေဂျာ(သွားလာရေး/တိုင်း)များ (စီးပွားရေး/တိုင်း)များ၊ လ/ထ စီးပွားရေး မန်နေဂျာများ၊ ကြီးကြပ်ရေးမှူး(ပို့ဆောင်)များ၏ ဘူတာစစ်ဆေးခြင်း အစီရင်ခံစာများကို လေ့လာပြီး လိုအပ်သလိုပြုပြင်ပေးခြင်း၊ အရေးယူစေခြင်း၊ ပြန်လည်စစ်ဆေး မှုများ ပြုလုပ်ခြင်း၊ ၎င်းတို့၏ ခရီးထွက်စစ်ဆေးခြင်းမှတ်တမ်းများကို စိစစ်၍ လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊

(၂၅) မန်နေဂျာ(သွားလာရေး/တိုင်း)များနှင့် မန်နေဂျာ(စီးပွားရေး/တိုင်း)များမှ ထုတ်ပြန်သော တိုင်းပြန်တမ်းများအား ဖတ်ရှုပြီး လိုအပ်လျှင် ထပ်မံညွှန်ကြားမှုပေးခြင်း၊

(၂၆) ဈေးကွက်စီးပွားရေးစနစ်ဖြင့် လျော်ညီစွာ ပုဂ္ဂလိကကုမ္ပဏီများမှ အဖွဲ့အစည်းများသို့ အချိန်ကာလအပိုင်းအခြားနှင့် ရထားများငှားရမ်းခြင်း၊ မီးရထားပိုင်မြေ အဆောက် အအုံများငှားရမ်းခြင်း၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ် ရာတွင် မြန်မာ့မီးရထားအတွက် နစ်နာမှုမရှိစေရန် စီးပွားရေးတွက်ခြေကိုက်မှုရှိစေရန် မီးရထားပိုင် ပစ္စည်းများအား အကျိုးထိရောက်မှုအရှိဆုံးဖြစ်စေရန် စိစစ်လေ့လာ တွက်ချက်လျက် စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူညီမှုဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း၊

(၂၇) လမ်းပိုင်းသစ်များ ဖောက်လုပ်မှုအတွက် စီးပွားရေးတွက်ခြေကိုက်မှု အလားအလာနှင့် အကျိုးအပြစ်များကို လေ့လာတွက်ချက်အစီရင်ခံခြင်း၊

(၂၈) မြန်မာ့မီးရထား၏ လမ်းပိုင်းအလိုက်၊ ရထားအလိုက်ဖြစ်စေ၊ ရထားကြီးတစ်ခုလုံး အတွက်ဖြစ်စေ၊ အသုံးစရိတ်များ တွက်ချက်ရာတွင် လိုအပ်ချက်များကို အထွေထွေမန်နေဂျာ (ဘဏ္ဍာရေး)သို့ အကြံပြုခြင်း၊ စီးပွားရေးတွက်ခြေမကိုက်သော ရထားများအား ဖျက်သိမ်း နိုင်ရေးအတွက် အထက်သို့ အကြံပြုတင်ပြခြင်း၊