မြို့ပြအင်ဂျင်နီယာဌာန

မြို့ပြအင်ဂျင်နီယာဌာနမှဆောင်ရွက်ရသည့်လုပ်ငန်းတာဝန်များ

မြို့ပြအင်ဂျင်နီယာဌာနအနေဖြင့် အထွေထွေမန်နေဂျာ(မြို့ပြ) ဦးဆောင်ကာ အရာထမ်း (၇၈) ဦး၊ အမှုထမ်း (၄၆၇၂) ဦးဖြင့် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် တိုင်းအဆင့်ဌာနခွဲ (၁၁) ခုဖြင့်လည်းကောင်း၊  စီမံကိန်း/ လုပ်ငန်းများအလိုက် လိုအပ်သော ကွန်ကရစ်ဇလီဖားများကို ထုတ်လုပ်ပေးလျက်ရှိသော ကွန်ကရစ်ဇလီဖားစက်ရုံ (၉)ရုံ၊ တံတားဘောင်အလုပ်ရုံ (၁)ရုံ၊ အင်ဂျင်နီယာအလုပ်ရုံ (၁) ရုံ၊ ယန္တရား အလုပ်ရုံ(၁)ရုံတို့ဖြင့် ဖွဲ့စည်းထားရှိကာ ရထားလမ်း၊ တံတားနှင့် အဆောက်အဦများ ထိန်းသိမ်းပြုပြင် ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းတို့အတွက် အဓိကတာဝန်ယူဆောင်ရွက်ရသောဌာန ဖြစ်ပါသည်။

ဒေသဖွံ့ဖြိုးရေးအတွက် ရထားလမ်းပိုင်းများဆောက်လုပ်ရာတွင် လိုအပ်သော ရထားလမ်း ကြောင်းများရှာဖွေခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ တံတားများ၊ ဘူတာများအတွက် ပုံစံထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်း၊ မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ ဒီဇိုင်းနှင့် သုတေသန လေ့လာစမ်းစစ်မှုများ ပြုလုပ် ရခြင်း အစရှိသည့်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရပါသည်။

နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေးကိစ္စအဝဝတွင် ခရီးသည်နှင့် ကုန်စည်များ ချောမွေ့စွာ သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ယူရသည့် မြန်မာ့မီးရထား၏လုပ်ငန်းတွင် မြို့ပြအင်ဂျင်နီယာ ဌာန၏ အခန်းကဏ္ဍဖြစ်သော ဖောက်လုပ်ပြီးရထားလမ်းများ၊ တံတားများ၊ ဂုံးကျော်များနှင့် အဆောက် အဦများကို ရထားများအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်း ခြင်းတို့ကို ဆောင်ရွက်ရခြင်း၊ မြန်မာ့မီးရထားပိုင်အဆောက်အဦများကို နှစ်စဉ်အလှည့်ကျ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရပါသည်။